ပုံမှန် ချစ်တင်းနှီးနှောလေ့ရှိသူတွေဟာ ပုံမှန် ချစ်တင်းနှီးနှောလေ့ မရှိသူတွေထက် ပိုပြီး ကျန်းမာရေး ကောင်းမွန်နိုင်တယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာ ဆိုလိုက်ပါတယ်။
ကန်းဘရစ်ခ်ျ တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောင်ယူ လေ့လာမှုတစ်ခုဟာ ဇနီးမောင်နှံတွေကို အိပ်ရာဝင်ချိန် ပိုမိုရှိသင့်တယ်ဆိုတာကို အကြံပေးနိုင်ခဲ့ပါတယ်။
သုတေသီတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Nick Drydakis ဆိုသူဟာ ဂရိလူမျိုး အယောက် ၇၅၀၀ ရဲ့ နေ့စဉ် လိင်ပိုင်းဆိုင်ရာ ဘ၀တွေနဲ့ သူတို့ရဲ့အလုပ်အကိုင် အခြေအနေတွေကို စစ်တမ်းကောက်ယူပြီး သုတေသန ပြုလုပ်ခဲ့ပါတယ်။
အဲဒီအခါမှာတော့ ပုံမှန် ချစ်တင်းနှီးနှောလေ့ ရှိသူတွေဟာ ပိုမို ကျန်းမာပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ကြတာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ အသက် ၂၆ နှစ်နဲ့ အသက် ၅၀ ကြားရှိသူတွေနဲ့ ကျန်းမာရေး ပြသနာရှိနေသူ ဇနီးမောင်နှံတွေ အတွက် ပိုပြီး သက်ရောက်မှု ရှိစေနိုင်ပါတယ်။
Manpower ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ ဂျာနယ်တစ်ခုမှာ ထိုလေ့လာမှုကို ဖော်ပြခဲ့သလို ချစ်တင်းနှီးနှောခြင်းဟာ ကျန်းမာရေးအတွက် ဖိအားတိုင်း ကိရိယာတစ်ခု ၊ ဘ၀ရဲ့ အရည်အသွေး ၊ ကျန်းမာစွာ နေထိုင်ခြင်း နဲ့ ပျော်ရွှင်မှု ဖြစ်တယ်လို့ ဖော်ပြခဲ့ပါသေးတယ်။
အာရောဂျံ
Credit - Trends Myanmar