သခွတ်ပွင့်၏ အရွက် အခေါက်နှင့် အပွင့်များကို နေရောင်ခြည်ရသော နေရာတွင် နေလှန်ထားလိုက်ပါ။ ခြောက်သွားပြီး ဆိုတာနဲ့ သိမ်းထားလို့
ရပါတယ်။ ကြာရှည်ခံပါတယ်။
ရောဂါကုထုံးကတော့
နေလှန်ထားပြီးသား ဖြစ်တဲ့ အရွက် အခေါက်နှင့် အပွင့်များကို အိုး သန့်သန့်ဖြင့် ကြိုလိုက်ပါ။ သခွတ်ပွင့် ပမာဏထက် ရေကိုပိုပြီး ထည့်ပေးပါ။
ထို့ပြုတ်ရည်ကို တစ်နေ့သုံးကြိမ် သောက်ပါက ဘီပိုး စီပိုး ဒါမှမဟုတ် အသည်း သမားများ ပျောက်ကင်းနိုင် ပါတယ်။ ထိုအခြောက်ခံ ထားတဲ့
အရွက်တွေကို လက်ဖက်ခြောက် အနေနဲ့လည်း အသုံးပြုနိုင် ပါတယ်။
သခွတ်ပွင့် အခေါက် တစ်မျိုးတည်း ကိုလည်း ပြုတ်ပြီးသောက်နိုင် ပါတယ်။ ဒါ့အပြင် အရွက်များကို ပြုတ်ပြီး တို့စရာအဖြစ် စားနိုင်ပါတယ်။
အသည်း အဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါတယ်။
ဒီအပွင့်ဟာ အညာဒေသတွင် ရရှိနိုင်ပါတယ်။ အပင်အောက်က ကြွေကျနေတဲ့ အပွင့်လေးများဟာ အခြောက် ကလေးများဖြစ်လို့ နေ
အများကြီး ထပ်လှန်းစရာ မလိုပါဘူး။ ကြွေကျနေတဲ့ အပွင့်တွေ ဟာလည်း အသုံးဝင် ပါတယ်။
အားလုံးရောဂါ ပျောက်ကင်းပါစေလို့ ဆုတောင်းပေး လိုက်ရပါတယ်။
ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ